Wednesday, October 26, 2016

Today Bago User မ်ားအား အသိေပးျခင္း

 ယခုအသံုးျပဳေနေသာ Today Bago Version အေဟာင္းတြင္ ဆက္လက္တင္ေတာ့မွာမဟုတ္တဲ့အတြက္ Today Bago Version အသစ္အား Download ျပဳလုပ္ေပးပါရန္ ေလးစားစြာျဖင့္ အသိေပးအပ္ပါသည္။
Download for blow link
www.todaybago.com/todaybago.apk

Monday, October 24, 2016

ဆံသားလွပေစဖို႔ အစားအစာမ်ား

ယေန႔ေခတ္မွာ ဆံပင္ေတြကိုနည္းမ်ိုးစံုနဲ႔ အလွျပင္ၾကရင္ ပ်က္စီးလာတတ္ၾကပါတယ္။ ဆံပင္ေတြ အကြ်တ္မ်ားၿပီး ဆံသားက်ဲလာတဲ့ အခါ ၀မ္းနည္းၿပီး စိတ္ညစ္ရပါတယ္။ ကြ်တ္သြားတဲ့  ဆံသားေတြ ၾကည့္ၿပီး စိတ္ရႈပ္ရပါတယ္။ ဆံသားေတြကို ျပန္ၿပီး ထူလာေစဖို႔ အတြက္ အစားအစာေတြနဲ႔ ႀကိဳးစားၾကပါမယ္။ အုပ္စု ၄ခု ရွိပါတယ္။

၁။ ၾကက္ဥႏွင့္ ၾကက္သား
အမိုင္ႏုိအက္စစ္ေတြက ဆံပင္ သန္စြမ္းေစဖုိ႔အတြက္ လိုအပ္တဲ့ ပ႐ိုတင္းေတြပါပဲ။ ပ႐ိုတင္းဓာတ္ မ်ားမ်ားရေအာင္ အသား၊ ငါး၊ ၾကက္သား၊ ႏို႔နဲ႔ ႏို႔ထြက္ပစၥည္းေတြ၊ ပဲႏုိ႔၊ ဥအမ်ဳိးမ်ဳိး စတာေတြ စားေပးပါ။ ၾကက္ဥမွာ မ်ားစြာပါဝင္တဲ့ ဘိုင္အိုတင္နဲ႔ ဗီတာမင္ဘီ- ၁၂ က ဆံပင္၊ လက္သည္း၊ ေျခသည္းနဲ႔ အေရျပားမွာရွိတဲ့ ဆဲလ္ေတြကို ႀကီးထြားေစပါတယ္။

၂။ ငါးႏွင့္ အိုမီဂါ- ၃
မျပည့္ဝဆီျဖစ္တဲ့ အိုမီဂါ- ၃ အဆီေတြက ဆံပင္နဲ႔ အေရျပားကို က်န္းမာ သန္စြမ္းေစပါတယ္။ အိုမီဂါ- ၃ အဆီကို ဆယ္လ္မြန္ငါး၊ ဆာဒင္းငါး စတဲ့ ငါးေတြနဲ႔ သစ္ၾကားသီး၊ မိေက်ာင္းကြမ္းဖတ္နဲ႔ ပဲပိစပ္ေတြကေန မ်ားစြာ ရရွိႏိုင္ပါတယ္။

၃။ အမဲသား၊ ကမာေကာင္ႏွင့္ အေစ့အဆန္
အမဲသားနဲ႔ ကမာေကာင္ေတြမွာ ဇင့္ဓာတ္ ႂကြယ္ဝစြာ ပါဝင္ပါတယ္။ ခႏၶာကုိယ္မွာ ဇင့္ဓာတ္ခ်ဳိ႕တဲ့ပါက ဆံပင္ ကၽြတ္ေစပါတယ္။ အေစ့အဆန္ေတြျဖစ္တဲ့ ဗာဒံေစ့၊ သစ္ၾကားသီးေတြကေနလည္း ဇင့္ဓာတ္ကို ရရွိႏုိင္ပါတယ္။ ေထာပတ္သီးနဲ႔ သံလြင္ဆီမွာ ဗီတာမင္အီးေတြ ပါဝင္တာေၾကာင့္ ဆံသားကို က်န္းမာ သန္စြမ္းေစပါတယ္။

၄။ အစိမ္းရင့္ေရာင္ ဟင္းသီးဟင္းရြက္
အစိမ္းရင့္ေရာင္ ဟင္းသီးဟင္းရြက္ေတြျဖစ္တဲ့ ဟင္းႏုနယ္ရြက္၊ ပန္းေဂၚဖီစိမ္း၊ ေဂၚဖီထုပ္ စတာေတြမွာ သံဓာတ္၊ ဗီတာမင္ေအနဲ႔ ဗီတာမင္စီဓာတ္ေတြ မ်ားစြာ ပါဝင္ပါတယ္။ ဗီတာမင္ေအနဲ႔ စီက ဆံပင္ရဲ႕ အရင္းမွာရွိတဲ့ ေမြးညင္းအိတ္ေလးေတြကေန အဆီေတြကို ထုတ္လုပ္ေပးၿပီး ဆံသားႏူးညံ့ ေပ်ာ့ေပ်ာင္းေစတဲ့ ကြန္ဒီရွင္နာအျဖစ္ လုပ္ေဆာင္ေပးပါတယ္။
Ref: yatanarpon

--------------------------------------------
Unicode
ဆံသားလှပစေဖို့ အစားအစာများ

ယနေ့ခေတ်မှာ ဆံပင်တွေကိုနည်းမျိုးစုံနဲ့ အလှပြင်ကြရင် ပျက်စီးလာတတ်ကြပါတယ်။ ဆံပင်တွေ အကျွတ်များပြီး ဆံသားကျဲလာတဲ့ အခါ ၀မ်းနည်းပြီး စိတ်ညစ်ရပါတယ်။ ကျွတ်သွားတဲ့  ဆံသားတွေ ကြည့်ပြီး စိတ်ရှုပ်ရပါတယ်။ ဆံသားတွေကို ပြန်ပြီး ထူလာစေဖို့ အတွက် အစားအစာတွေနဲ့ ကြိုးစားကြပါမယ်။ အုပ်စု ၄ခု ရှိပါတယ်။

၁။ ကြက်ဥနှင့် ကြက်သား
အမိုင်နိုအက်စစ်တွေက ဆံပင် သန်စွမ်းစေဖို့အတွက် လိုအပ်တဲ့ ပရိုတင်းတွေပါပဲ။ ပရိုတင်းဓာတ် များများရအောင် အသား၊ ငါး၊ ကြက်သား၊ နို့နဲ့ နို့ထွက်ပစ္စည်းတွေ၊ ပဲနို့၊ ဥအမျိုးမျိုး စတာတွေ စားပေးပါ။ ကြက်ဥမှာ များစွာပါဝင်တဲ့ ဘိုင်အိုတင်နဲ့ ဗီတာမင်ဘီ- ၁၂ က ဆံပင်၊ လက်သည်း၊ ခြေသည်းနဲ့ အရေပြားမှာရှိတဲ့ ဆဲလ်တွေကို ကြီးထွားစေပါတယ်။

၂။ ငါးနှင့် အိုမီဂါ- ၃
မပြည့်ဝဆီဖြစ်တဲ့ အိုမီဂါ- ၃ အဆီတွေက ဆံပင်နဲ့ အရေပြားကို ကျန်းမာ သန်စွမ်းစေပါတယ်။ အိုမီဂါ- ၃ အဆီကို ဆယ်လ်မွန်ငါး၊ ဆာဒင်းငါး စတဲ့ ငါးတွေနဲ့ သစ်ကြားသီး၊ မိကျောင်းကွမ်းဖတ်နဲ့ ပဲပိစပ်တွေကနေ များစွာ ရရှိနိုင်ပါတယ်။

၃။ အမဲသား၊ ကမာကောင်နှင့် အစေ့အဆန်
အမဲသားနဲ့ ကမာကောင်တွေမှာ ဇင့်ဓာတ် ကြွယ်ဝစွာ ပါဝင်ပါတယ်။ ခန္ဓာကိုယ်မှာ ဇင့်ဓာတ်ချို့တဲ့ပါက ဆံပင် ကျွတ်စေပါတယ်။ အစေ့အဆန်တွေဖြစ်တဲ့ ဗာဒံစေ့၊ သစ်ကြားသီးတွေကနေလည်း ဇင့်ဓာတ်ကို ရရှိနိုင်ပါတယ်။ ထောပတ်သီးနဲ့ သံလွင်ဆီမှာ ဗီတာမင်အီးတွေ ပါဝင်တာကြောင့် ဆံသားကို ကျန်းမာ သန်စွမ်းစေပါတယ်။

၄။ အစိမ်းရင့်ရောင် ဟင်းသီးဟင်းရွက်
အစိမ်းရင့်ရောင် ဟင်းသီးဟင်းရွက်တွေဖြစ်တဲ့ ဟင်းနုနယ်ရွက်၊ ပန်းဂေါ်ဖီစိမ်း၊ ဂေါ်ဖီထုပ် စတာတွေမှာ သံဓာတ်၊ ဗီတာမင်အေနဲ့ ဗီတာမင်စီဓာတ်တွေ များစွာ ပါဝင်ပါတယ်။ ဗီတာမင်အေနဲ့ စီက ဆံပင်ရဲ့ အရင်းမှာရှိတဲ့ မွေးညင်းအိတ်လေးတွေကနေ အဆီတွေကို ထုတ်လုပ်ပေးပြီး ဆံသားနူးညံ့ ပျော့ပျောင်းစေတဲ့ ကွန်ဒီရှင်နာအဖြစ် လုပ်ဆောင်ပေးပါတယ်။

Ref: yatanarpon

အဆစ္အျမစ္ေရာင ္ေရာဂါကို သက္သာေစတဲ့ ပန္းမုန္လာစိမ္း

ပန္းမုန္လာစိမ္း (Broccoli) မွာပါ၀င္တဲ့ ဓာတ္ေပါင္းတစ္မ်ိဳးဟာ အဆစ္အျမစ္ရာင္ေရာဂါကို သက္သာေစတဲ့ အစြမ္းသတိၱရွိတယ္လို႔ ေဖာ္ထုတ္ ႏိုင္ခဲ့ပါတယ္။ အဆစ္အျမစ္ေရာင္ ေရာဂါတစ္မ်ိဳးျဖစ္တဲ့ Osteoarthri tis, OA ေရာဂါဟာ အဆစ္အျမစ္ေတြ ရဲ႕ အ႐ိုးႏု Cartilage ပ်က္စီးယိုယြင္း ျခင္းေၾကာင့္ ျဖစ္လာရတာျဖစ္ၿပီး အဆစ္အျမစ္နာက်င္ျခင္းနဲ႔ လႈပ္ရွား မႈေတြ ခက္ခဲျခင္းေတြကို ႀကံဳေတြ႕ခဲ့ ရတာကို ေလ့လာရပါတယ္။ ဒီမွာ အဆစ္အျမစ္ေရာင္ေရာဂါအတြက္ အဆစ္အစားထုိးကုသမႈေတြက ျပႆနာကိုေျဖရွင္းႏိုင္ေပမယ့္ စရိတ္စက ကလည္း ထည့္သြင္းစဥ္းစားစရာ ျဖစ္ေနပါေသးတယ္။
ဒီေလ့လာမႈမွာေတာ့ ပန္းမုန္လာ စိမ္းမွာပါ၀င္တဲ့ Sulforaphane ဟာ OA ေရာဂါမွာ ဘယ္လို အသံုး၀င္တယ္ဆိုတာကို ေတြ႕ရွိခဲ့ပါတယ္။ အဆစ္အျမစ္ ေရာင္ေရာဂါရွင္ေတြ ဟာ ေရွာင္ ရွားရမယ့္အစားအစာ ေတြ မ်ားျပားတဲ့အထဲက စားသံုးသင့္ တဲ့ အစားအစာတစ္ခုတိုးလာတာပဲ ျဖစ္ပါတယ္။ Sulforophone ဟာ အဆစ္ကိုတည္ေဆာက္ထားတဲ့ အ႐ိုး ႏုဖြဲ႕စည္းမႈကို ပိုမိုခိုင္ၿမဲေစၿပီး ပ်က္စီး ယိုယြင္းမႈႏႈန္းကို ေလ်ာ့က်ေစတယ္ လို႔ ေလ့လာမႈကိုျပဳလုပ္ခဲ့တဲ့ National Diet Assocaition က ေဖာ္ျပထားပါတယ္။

ပန္းမုန္လာစိမ္းဟာ ကယ္လစီ ယမ္၊ ဗီတာမင္ေအ၊ စီနဲ႔ ေဖာလစ္ အက္ဆစ္ေတြပါ၀င္မႈမ်ား တဲ့အတြက္ အဆစ္အျမစ္ေရာဂါရွင္ေတြသာမက လူတုိင္းေန႔စဥ္စားသံုးေပးသင့္ပါတယ္။ အဆစ္အျမစ္ေရာင္ေရာဂါရွင္ေတြ သာမက လူတုိင္းေန႔စဥ္ စားသံုးေပး သင့္ပါတယ္။ အဆစ္အျမစ္ ရာင္ ေရာဂါရွင္ေတြဟာ အစားအေသာက္ နဲ႔ ကုသမႈေတြအျပင္ ေန႔စဥ္ပံုမွန္ ေလ့က်င့္ခန္းမ်ားနဲ႔ကိုယ္ အေလးခ်ိန္ ထိန္းခ်ဳပ္ဖို႔လဲလိုအပ္ေၾကာင္း အခု ေလ့လာမႈမွာ ေဖာ္ျပထားပါတယ္။

Credit: Nyein Aye (Health Updates Journal )
 Today Bago New Version အား Download ျပဳလုပ္ျခင္းျဖင့္
ပိုမိုဆန္းသစ္ ၿပီးျပည့္စံု တဲ့ သတင္းမ်ားႏွင့္ အေၾကာင္းအရာမ်ားကို
ေန႕စဥ္အခမဲ့ ဖတ္ရႈလိုက္ပါ။
Download for blow link
www.todaybago.com/todaybago.apk
-----------------------------------
Unicode
အဆစ်အမြစ်ရောင ်ရောဂါကို သက်သာစေတဲ့ ပန်းမုန်လာစိမ်း

ပန်းမုန်လာစိမ်း (Broccoli) မှာပါ၀င်တဲ့ ဓာတ်ပေါင်းတစ်မျိုးဟာ အဆစ်အမြစ်ရာင်ရောဂါကို သက်သာစေတဲ့ အစွမ်းသတ္တိရှိတယ်လို့ ဖော်ထုတ် နိုင်ခဲ့ပါတယ်။ အဆစ်အမြစ်ရောင် ရောဂါတစ်မျိုးဖြစ်တဲ့ Osteoarthri tis, OA ရောဂါဟာ အဆစ်အမြစ်တွေ ရဲ့ အရိုးနု Cartilage ပျက်စီးယိုယွင်း ခြင်းကြောင့် ဖြစ်လာရတာဖြစ်ပြီး အဆစ်အမြစ်နာကျင်ခြင်းနဲ့ လှုပ်ရှား မှုတွေ ခက်ခဲခြင်းတွေကို ကြုံတွေ့ခဲ့ ရတာကို လေ့လာရပါတယ်။ ဒီမှာ အဆစ်အမြစ်ရောင်ရောဂါအတွက် အဆစ်အစားထိုးကုသမှုတွေက ပြဿနာကိုဖြေရှင်းနိုင်ပေမယ့် စရိတ်စက ကလည်း ထည့်သွင်းစဉ်းစားစရာ ဖြစ်နေပါသေးတယ်။
ဒီလေ့လာမှုမှာတော့ ပန်းမုန်လာ စိမ်းမှာပါ၀င်တဲ့ Sulforaphane ဟာ OA ရောဂါမှာ ဘယ်လို အသုံးဝင်တယ်ဆိုတာကို တွေ့ရှိခဲ့ပါတယ်။ အဆစ်အမြစ် ရောင်ရောဂါရှင်တွေ ဟာ ရှောင် ရှားရမယ့်အစားအစာ တွေ များပြားတဲ့အထဲက စားသုံးသင့် တဲ့ အစားအစာတစ်ခုတိုးလာတာပဲ ဖြစ်ပါတယ်။ Sulforophone ဟာ အဆစ်ကိုတည်ဆောက်ထားတဲ့ အရိုး နုဖွဲ့စည်းမှုကို ပိုမိုခိုင်မြဲစေပြီး ပျက်စီး ယိုယွင်းမှုနှုန်းကို လျော့ကျစေတယ် လို့ လေ့လာမှုကိုပြုလုပ်ခဲ့တဲ့ National Diet Assocaition က ဖော်ပြထားပါတယ်။

ပန်းမုန်လာစိမ်းဟာ ကယ်လစီ ယမ်၊ ဗီတာမင်အေ၊ စီနဲ့ ဖောလစ် အက်ဆစ်တွေပါ၀င်မှုများ တဲ့အတွက် အဆစ်အမြစ်ရောဂါရှင်တွေသာမက လူတိုင်းနေ့စဉ်စားသုံးပေးသင့်ပါတယ်။ အဆစ်အမြစ်ရောင်ရောဂါရှင်တွေ သာမက လူတိုင်းနေ့စဉ် စားသုံးပေး သင့်ပါတယ်။ အဆစ်အမြစ် ရာင် ရောဂါရှင်တွေဟာ အစားအသောက် နဲ့ ကုသမှုတွေအပြင် နေ့စဉ်ပုံမှန် လေ့ကျင့်ခန်းများနဲ့ကိုယ် အလေးချိန် ထိန်းချုပ်ဖို့လဲလိုအပ်ကြောင်း အခု လေ့လာမှုမှာ ဖော်ပြထားပါတယ်။

Credit: Nyein Aye (Health Updates Journal )

ေျခဖေနာင့္အရြတ္ေရာင္ျခင္း


ေျခဖေနာင့္အရြတ္ေရာင္ျခင္းဆိုသည္မွာ ေျခသလံုးအေနာက္ႂကြက္သားႏွင့္ ေျခဖေနာင့္အ႐ိုးကုိဆက္သြယ္ထားေသာ တစ္သွ်ဴးအစုအေဝးျဖစ္သည့္ ေျခဖေနာင့္အရြတ္ကို အသံုးျပဳမႈမ်ားေသာေၾကာင့္ ဒဏ္ရာရျခင္းျဖစ္သည္။
ေျခဖေနာင့္အရြတ္ေရာင္ျခင္းကို အမ်ားအားျဖင့္ဆရာဝန္ၫႊန္ၾကားခ်က္ႏွင့္အညီ အိမ္တြင္သာကုသႏိုင္သည္။ ေနာက္ထပ္ျပန္မျဖစ္ေအာင္ေတာ့ မိမိဘာသာေစာင့္ေရွာက္ဖို႔လိုအပ္သည္။ အရြတ္ေရာင္ျခင္းပိုဆိုးလွ်င္ အရြတ္ၿပဲသြားတတ္ၿပီး ခြဲစိတ္ျပဳျပင္ဖို႔လိုအပ္ပါတယ္။
ေရာဂါလကၡဏာမ်ား

ေျပးၿပီးလွ်င္ (သို႔) အျခားအားကစားတစ္ခုခုလုပ္ၿပီးလွ်င္ ေျခေထာက္အေနာက္ဖက္ (သို႔) ေျခဖေနာင့္အထက္တြင္ နာက်င္ျခင္းခံစားရတတ္ပါတယ္။ အၾကာႀကီးေျပးျခင္း၊ ေလွကားတက္ျခင္းႏွင့္ စက္ဘီးျမန္ျမန္နင္းျခင္းျပဳလုပ္ၿပီးလွ်င္ နာက်င္မႈပိုဆိုးႏိုင္ပါတယ္။ တစ္ခါတစ္ရံ မနက္ေစာေစာအိပ္ရာထခ်ိန္တြင္ နာက်င္မႈေတာင့္တင္းမႈေတြကိုခံစားရၿပီး လႈပ္ရွားမႈနည္းနည္းရွိရင္ တျဖည္းျဖည္းျပန္ေကာင္းလာပါတယ္။

ဘယ္အခ်ိန္မွာ ေဆးရံု၊ ေဆးခန္းသြားမလဲ

ေျခဖေနာင့္အရြတ္နားမွာ အၿမဲနာက်င္ေနရင္ေတာ့ ဆရာဝန္ျပသဖို႔လိုအပ္ပါတယ္။ လမ္းမေလွ်ာက္ႏိုင္ေလာက္ေအာင္ ျပင္းထန္စြာနာက်င္ရင္ေတာ့ အရြတ္ၿပဲထြက္သြားတာျဖစ္ႏိုင္တဲ့အတြက္ ခ်က္ခ်င္းေဆးကုသမႈခံယူပါ။

ေရာဂါျဖစ္ေစေသာအေၾကာင္းအရင္းမ်ား

ေျခဖေနာင့္အရြတ္ေရာင္ျခင္းက ဒီအရြတ္ေပၚမွာ ထပ္ခါထပ္ခါနဲ႔ ျပင္းထန္တဲ့အားသက္ေရာက္မႈေၾကာင့္ျဖစ္ပါတယ္။ ေျခဖေနာင့္အရြတ္ကို လမ္းေလွ်ာက္ျခင္း၊ ေျပးျခင္း၊ ခုန္ျခင္းနဲ႔ ေျခဖေနာင့္ေထာက္ျခင္းေတြျပဳလုပ္တဲ့အခါမွာ အသံုးျပဳရပါတယ္။
ေျခဖေနာင့္အရြတ္ရဲ႕တည္ေဆာက္မႈက အသက္ႀကီးလာတာနဲ႔အမွ်အားနည္းလာၿပီး ထိခိုက္ဒဏ္ရာပိုရလြယ္ပါတယ္။ အထူးသျဖင့္ စေန၊ တနဂၤေႏြ ပိတ္ရက္ေတြမွာပဲ အားကစားလုပ္သူေတြ၊ ေျပးေနခ်ိန္မွာ ႐ုတ္တရက္အရွိန္ျမႇင့္လိုက္တဲ့သူေတြမွာ ဒီလိုပိုျဖစ္တတ္ပါတယ္။

ျဖစ္ႏိုင္ေခ်မ်ားေသာအခ်က္မ်ား

1. အမ်ိဳးသား/အမ်ိဳးသမီး - အမ်ိဳးသားေတြမွာ ပိုအျဖစ္မ်ားပါတယ္။
2. အသက္အရြယ္ - အသက္ႀကီးလာတာနဲ႔အမွ် ပိုၿပီးအရြတ္ေရာင္ႏိုင္ေခ်မ်ားပါတယ္။
3. ခႏၶာကိုယ္တည္ေဆာက္ပံု - ေျခဖဝါးတစ္ညီတည္းျဖစ္ေနတဲ့သူေတြမွာ ေျခဖေနာင့္အရြတ္ေပၚကို ပိုၿပီးဖိအားမ်ားမ်ားသက္ေရာက္ေလ့ရွိပါတယ္။ အဝလြန္ျခင္းႏွင့္ ေျခသလံုးႂကြက္သားတုတ္ျခင္းေၾကာင့္လည္း ဖိအားမ်ားေစပါတယ္။
4. အားကစားပစၥည္းႏွင့္ ေနရာ ေရြးခ်ယ္မႈ - စုတ္ၿပဲေနေသာအားကစားဖိနပ္မ်ားစီးၿပီးေျပးျခင္းေၾကာင့္ အရြတ္ေရာင္ႏိုင္ေခ်မ်ားပါတယ္။ အရြတ္နာျခင္းက ပူေႏြးတဲ့ရာသီဥတုထက္စာရင္ ေအးတဲ့ရာသီဥတုမွာပိုျဖစ္ႏိုင္ၿပီး ေတာင္ကုန္းထူထပ္တဲ့ေနရာေတြမွာေျပးျခင္းကလည္း ေျခဖေနာင့္အရြတ္ကို ဒဏ္ပိုျဖစ္ေစပါတယ္။
5. က်န္းမာေရးအေျခအေနမ်ား - Psoriasis ေရာဂါရွိသူေတြ နဲ႔ ေသြးတိုးရွိသူေတြမွာ အရြတ္ေရာင္ႏိုင္ေခ်ပိုမ်ားပါတယ္။
6. ေဆးဝါးမ်ား - Fluoroquinolones လို႔ေခၚတဲ့ပိုးသတ္ေဆးေတြေၾကာင့္ ပိုျဖစ္တတ္ပါတယ္။

ေနာက္ဆက္တြဲဆိုးက်ိဳးမ်ား

ေျခဖေနာင့္အရြတ္ေရာင္တာၾကာလာရင္ အရြတ္အားနည္းလာၿပီးေတာ့ ေနာက္ပိုင္းမွာ အရြတ္ၿပဲသြားတတ္ပါတယ္။ ဒီလိုျဖစ္ရင္ေတာ့ ခြဲစိတ္ၿပီး ျပဳျပင္ရပါမယ္။

စမ္းသပ္စစ္ေဆးျခင္း

1. ဓာတ္္မွန္ - ဓာတ္မွန္႐ိုက္ျခင္းျဖင့္ အရြတ္လိုမ်ိဳးတစ္သွ်ဴးအမ်ိဳးအစားကို မၾကည့္ႏိုင္ေပမယ့္ ေရာဂါလကၡဏာတူတဲ့ အျခားေရာဂါတစ္ခုခုရွိ/မရွိ ၾကည့္ႏိုင္ပါတယ္။
2. အာထရာေဆာင္း - အာထရာလ္ေဆာင္း႐ုိက္ျခင္းျဖင့္ ေျခဖေနာင့္အရြတ္ရဲ႕ပံုရိပ္ကို ေတြ႔ႏိုင္ပါတယ္။ color-droppler ultrasound ကေတာ့ အရြတ္ပတ္ပတ္လည္မွာရွိတဲ့ ေသြးလွည့္ပတ္မႈကိုသိေစႏိုင္ပါတယ္။
3. MRI - ေရဒီယိုလႈိင္းေတြနဲ႔ အားေကာင္းတဲ့ သံလိုက္ဓာတ္ကိုအသံုးျပဳၿပီး႐ိုက္ျခင္းျဖစ္ၿပီး အရြတ္ရဲ႕အေသးစိတ္ပံုရိပ္ကိုျမင္ႏိုင္ပါတယ္။

ကုထံုးမ်ား

1. ေဆးဝါးမ်ား - Ibuprofen ( Advil, Mortrin IB), Naproxen (Aleve) စတဲ့ အနာသက္သာေဆးေတြကို ဆရာ၀န္ညႊန္ၾကားတဲ့အတိုင္း ေသာက္ႏိုင္ပါတယ္။
2. ကိုယ္လက္လႈပ္ရွားျပဳလုပ္၍ကုသျခင္း
အနာက်က္ေစဖို႔နဲ႔ အရြတ္နဲ႔ အရြတ္ကို အေထာက္အပံ့ေပးေနတဲ့အရာေတြကို သန္မာေစတဲ့ ေလ့က်င့္ခန္းေတြလုပ္ဖို႔လိုအပ္တယ္ဆိုရင္ ဆရာ၀န္က ျပဳသေပးပါလိမ့္မယ္။
3. သက္သာေစေသာ ကိရိယာမ်ား - ရွဴးဖိနပ္ထဲတြင္ တစ္ခုခုထည့္ထားျခင္းျဖင့္ ေျခဖေနာင့္ကိုအနည္းငယ္ျမႇင့္တင္ေပးၿပီး အရြတ္ေပၚကိုသက္ေရာက္ေနတဲ့ဖိအားေတြကို ေလ်ာ့နည္းေစဖို႔ ခုခံေပးထားပါတယ္။
4. ခြဲစိတ္ျခင္း - လအေတာ္ၾကာအထိ မတိုးတက္လာဘူးဆိုရင္ (သို႔) အရြတ္ၿပဲသြားရင္ ဆရာဝန္ကခြဲစိတ္ၿပီး အရြတ္ကိုျပဳျပင္ဖို႔အတြက္ အၾကံေပးပါလိမ့္မယ္။

ေနထိုင္မႈပံုစံ

1. အနားယူျခင္း - ရက္အေတာ္ၾကာေအာင္ ေလ့က်င့္ခန္းမျပဳလုပ္ပဲေနရပါမယ္ (သို႔) အရြတ္ကိုဖိအားမျဖစ္ေစမယ့္ ေရကူးျခင္းကဲ့သို႔ေသာ ေလ့က်င့္ခန္းေျပာင္းလုပ္ပါ။ ျပင္းထန္ရင္ေတာ့ လမ္းေလွ်ာက္ဘြတ္ဖိနပ္ဝတ္ျခင္း၊ ခ်ိဳင္းေထာက္အသံုးျပဳျခင္းေတြလုပ္ဖို႔လိုအပ္ပါတယ္။
2. ေရခဲကပ္ျခင္း - ေလ့က်င့္ခန္းလုပ္ၿပီးခ်ိန္ (သို႔) နာလာတဲ့အခ်ိန္ေတြမွာ ေျခဖေနာင့္အရြတ္ေပၚကို ေရခဲဝတ္နဲ႔ 15 မိနစ္ခန္႔ကပ္ေပးျခင္းျဖင့္ နာက်င္ျခင္းနဲ႔ ေရာင္ရမ္းျခင္းမ်ားကို သက္သာေစႏိုင္ပါတယ္။
3. ဖိအားေပးျခင္း - က်ံဳ႕ႏိုင္ဆန္႔ႏိုင္တဲ့ပတ္တီးမ်ားပတ္ထားျခင္းျဖင့္လည္း ေရာင္ရမ္းျခင္းကိုသက္သာေစၿပီး အရြတ္လႈပ္ရွားမႈကိုေလ်ာ့နည္းေစပါတယ္။
4. ေျခေထာက္ျမွင့္ထားျခင္း - ျဖစ္တဲ့ေျခေထာက္ကို ႏွလံုးထက္ျမင့္ေအာင္ေျမႇာက္ထားျခင္းျဖင့္လည္း အေရာင္က်ေစပါတယ္။ ညအိပ္ရင္ေျခေထာက္ျမွင့္ၿပီးအိပ္ပါ။

ကာကြယ္ျခင္း

ေျခဖေနာင့္အရြတ္ေရာင္ျခင္းမျဖစ္ေအာင္ မကာကြယ္ႏိုင္ေပမယ့္ ျဖစ္ႏိုင္ေခ်ကိုေတာ့နည္းသြားေအာင္ေလွ်ာ့ခ်ႏိုင္ပါတယ္။
1. လႈပ္ရွားမႈကို ျဖည္းျဖည္းခ်င္းပဲအရွိန္ျမႇင့္ပါ။ ေလ့က်င့္ခန္းလုပ္ၿပီးကုသမယ္ဆိုရင္ ျဖည္းျဖည္းခ်င္းစလုပ္ၿပီးေတာ့မွ တျဖည္းျဖည္းအရွိန္နဲ႔ ၾကာခ်ိန္ကိုျမႇင့္ပါ။
2. သက္သက္သာသာပဲလုပ္ပါ။ ေတာင္ကုန္းေပၚမွာေျပးျခင္းလိုမ်ိဳး အရြတ္ေပၚကိုဖိအားမ်ားမ်ားက်ေရာက္ေစမယ့္ ေလ့က်င့္ခန္းေတြမလုပ္ပါနဲ႔။ ျပင္းထန္တဲ့ေလ့က်င့္ခန္းလုပ္ရမယ္ဆိုရင္ မလုပ္ခင္ေသြးပူေလ့က်င့္ခန္းအရင္လုပ္ပါ။ ေလ့က်င့္ခန္းလုပ္ေနစဥ္အတြင္းနာလာရင္ေတာ့ ရပ္ၿပီးအနားယူလိုက္ပါ။
3. အားကစားဖိနပ္ကို ေသခ်ာစြာေရြးခ်ယ္ပါ။ ေလ့က်င့္ခန္းလုပ္ရင္စီးတဲ့ဖိနပ္က ခုခံမႈေကာင္းၿပီး ကြက္တိျဖစ္ေနမွ အရြတ္ေပၚကို ဖိအားသက္ေရာက္မႈနည္းေစမွာပါ။ စုတ္ၿပဲေနတဲ့ ဖိနပ္ေတြကို လဲလိုက္ပါ။
4. ေန႔စဥ္အခ်ိန္ေပးၿပီး မနက္ပိုင္းေလ့က်င့္ခန္းမလုပ္ခင္နဲ႔ လုပ္ၿပီးခ်ိန္မွာ ေျခသလံုးႂကြက္သားနဲ႔ ေျခဖေနာင့္အရြတ္ကိုဆြဲဆန႔္ေပးျခင္းျဖင့္ က်ံဳ႕ႏိုင္ဆန႔္ႏိုင္မႈကို ထိန္းသိမ္းေပးပါတယ္။ ဒါက အရြတ္ေရာင္ျခင္းျပန္မျဖစ္ေအာင္ကာကြယ္ေပးပါတယ္။
5. ေျခသလံုးႂကြက္သားကို သန္မာေနပါေစ။ ေျခသလံုးႂကြက္သားေတြသန္မာေနမယ္ဆိုရင္ လႈပ္ရွားမႈနဲ႔ေလ့က်င့္ခန္းေတြေၾကာင့္ ေျခသလံုးနဲ႔ အရြတ္အေပၚ အားသက္ေရာက္မႈကို ေကာင္းစြာခံႏိုင္ပါလိမ့္မယ္။
6. ဖိအားမ်ားတဲ့ ေလ့က်င့္ခန္းေတြျဖစ္တဲ့ ေျပးျခင္း၊ ခုန္ျခင္းတို႔နဲ႔ ဖိအားနည္းတဲ့ေလ့က်င့္ခန္းေတြျဖစ္တဲ့ စက္ဘီးစီးျခင္း၊ ေရကူးျခင္းတို႔ကို တစ္လွည့္စီလုပ္ေပးပါ။
7. ကိုယ္အေလးခ်ိန္ပံုမွန္အတြင္းပဲရွိေအာင္ ဂရုစိုက္ပါ။

Dr. Mya Myo Myo Swe
Ref: .drmyanmar.
 Today Bago New Version အား Download ျပဳလုပ္ျခင္းျဖင့္
ပိုမိုဆန္းသစ္ ၿပီးျပည့္စံု တဲ့ သတင္းမ်ားႏွင့္ အေၾကာင္းအရာမ်ားကို
ေန႕စဥ္အခမဲ့ ဖတ္ရႈလိုက္ပါ။
Download for blow link
www.todaybago.com/todaybago.apk
------------------------------------------
Unicode
 ခြေဖနောင့်အရွတ်ရောင်ခြင်း

ခြေဖနောင့်အရွတ်ရောင်ခြင်းဆိုသည်မှာ ခြေသလုံးအနောက်ကြွက်သားနှင့် ခြေဖနောင့်အရိုးကိုဆက်သွယ်ထားသော တစ်သျှူးအစုအဝေးဖြစ်သည့် ခြေဖနောင့်အရွတ်ကို အသုံးပြုမှုများသောကြောင့် ဒဏ်ရာရခြင်းဖြစ်သည်။

ခြေဖနောင့်အရွတ်ရောင်ခြင်းကို အများအားဖြင့်ဆရာဝန်ညွှန်ကြားချက်နှင့်အညီ အိမ်တွင်သာကုသနိုင်သည်။ နောက်ထပ်ပြန်မဖြစ်အောင်တော့ မိမိဘာသာစောင့်ရှောက်ဖို့လိုအပ်သည်။ အရွတ်ရောင်ခြင်းပိုဆိုးလျှင် အရွတ်ပြဲသွားတတ်ပြီး ခွဲစိတ်ပြုပြင်ဖို့လိုအပ်ပါတယ်။

ရောဂါလက္ခဏာများ

ပြေးပြီးလျှင် (သို့) အခြားအားကစားတစ်ခုခုလုပ်ပြီးလျှင် ခြေထောက်အနောက်ဖက် (သို့) ခြေဖနောင့်အထက်တွင် နာကျင်ခြင်းခံစားရတတ်ပါတယ်။ အကြာကြီးပြေးခြင်း၊ လှေကားတက်ခြင်းနှင့် စက်ဘီးမြန်မြန်နင်းခြင်းပြုလုပ်ပြီးလျှင် နာကျင်မှုပိုဆိုးနိုင်ပါတယ်။ တစ်ခါတစ်ရံ မနက်စောစောအိပ်ရာထချိန်တွင် နာကျင်မှုတောင့်တင်းမှုတွေကိုခံစားရပြီး လှုပ်ရှားမှုနည်းနည်းရှိရင် တဖြည်းဖြည်းပြန်ကောင်းလာပါတယ်။

ဘယ်အချိန်မှာ ဆေးရုံ၊ ဆေးခန်းသွားမလဲ

ခြေဖနောင့်အရွတ်နားမှာ အမြဲနာကျင်နေရင်တော့ ဆရာဝန်ပြသဖို့လိုအပ်ပါတယ်။ လမ်းမလျှောက်နိုင်လောက်အောင် ပြင်းထန်စွာနာကျင်ရင်တော့ အရွတ်ပြဲထွက်သွားတာဖြစ်နိုင်တဲ့အတွက် ချက်ချင်းဆေးကုသမှုခံယူပါ။

ရောဂါဖြစ်စေသောအကြောင်းအရင်းများ

ခြေဖနောင့်အရွတ်ရောင်ခြင်းက ဒီအရွတ်ပေါ်မှာ ထပ်ခါထပ်ခါနဲ့ ပြင်းထန်တဲ့အားသက်ရောက်မှုကြောင့်ဖြစ်ပါတယ်။ ခြေဖနောင့်အရွတ်ကို လမ်းလျှောက်ခြင်း၊ ပြေးခြင်း၊ ခုန်ခြင်းနဲ့ ခြေဖနောင့်ထောက်ခြင်းတွေပြုလုပ်တဲ့အခါမှာ အသုံးပြုရပါတယ်။

ခြေဖနောင့်အရွတ်ရဲ့တည်ဆောက်မှုက အသက်ကြီးလာတာနဲ့အမျှအားနည်းလာပြီး ထိခိုက်ဒဏ်ရာပိုရလွယ်ပါတယ်။ အထူးသဖြင့် စနေ၊ တနင်္ဂနွေ ပိတ်ရက်တွေမှာပဲ အားကစားလုပ်သူတွေ၊ ပြေးနေချိန်မှာ ရုတ်တရက်အရှိန်မြှင့်လိုက်တဲ့သူတွေမှာ ဒီလိုပိုဖြစ်တတ်ပါတယ်။

ဖြစ်နိုင်ချေများသောအချက်များ

1. အမျိုးသား/အမျိုးသမီး - အမျိုးသားတွေမှာ ပိုအဖြစ်များပါတယ်။

2. အသက်အရွယ် - အသက်ကြီးလာတာနဲ့အမျှ ပိုပြီးအရွတ်ရောင်နိုင်ချေများပါတယ်။

3. ခန္ဓာကိုယ်တည်ဆောက်ပုံ - ခြေဖဝါးတစ်ညီတည်းဖြစ်နေတဲ့သူတွေမှာ ခြေဖနောင့်အရွတ်ပေါ်ကို ပိုပြီးဖိအားများများသက်ရောက်လေ့ရှိပါတယ်။ အဝလွန်ခြင်းနှင့် ခြေသလုံးကြွက်သားတုတ်ခြင်းကြောင့်လည်း ဖိအားများစေပါတယ်။

4. အားကစားပစ္စည်းနှင့် နေရာ ရွေးချယ်မှု - စုတ်ပြဲနေသောအားကစားဖိနပ်များစီးပြီးပြေးခြင်းကြောင့် အရွတ်ရောင်နိုင်ချေများပါတယ်။ အရွတ်နာခြင်းက ပူနွေးတဲ့ရာသီဥတုထက်စာရင် အေးတဲ့ရာသီဥတုမှာပိုဖြစ်နိုင်ပြီး တောင်ကုန်းထူထပ်တဲ့နေရာတွေမှာပြေးခြင်းကလည်း ခြေဖနောင့်အရွတ်ကို ဒဏ်ပိုဖြစ်စေပါတယ်။

5. ကျန်းမာရေးအခြေအနေများ - Psoriasis ရောဂါရှိသူတွေ နဲ့ သွေးတိုးရှိသူတွေမှာ အရွတ်ရောင်နိုင်ချေပိုများပါတယ်။

6. ဆေးဝါးများ - Fluoroquinolones လို့ခေါ်တဲ့ပိုးသတ်ဆေးတွေကြောင့် ပိုဖြစ်တတ်ပါတယ်။

နောက်ဆက်တွဲဆိုးကျိုးများ

ခြေဖနောင့်အရွတ်ရောင်တာကြာလာရင် အရွတ်အားနည်းလာပြီးတော့ နောက်ပိုင်းမှာ အရွတ်ပြဲသွားတတ်ပါတယ်။ ဒီလိုဖြစ်ရင်တော့ ခွဲစိတ်ပြီး ပြုပြင်ရပါမယ်။

စမ်းသပ်စစ်ဆေးခြင်း

1. ဓာတ််မှန် - ဓာတ်မှန်ရိုက်ခြင်းဖြင့် အရွတ်လိုမျိုးတစ်သျှူးအမျိုးအစားကို မကြည့်နိုင်ပေမယ့် ရောဂါလက္ခဏာတူတဲ့ အခြားရောဂါတစ်ခုခုရှိ/မရှိ ကြည့်နိုင်ပါတယ်။

2. အာထရာဆောင်း - အာထရာလ်ဆောင်းရိုက်ခြင်းဖြင့် ခြေဖနောင့်အရွတ်ရဲ့ပုံရိပ်ကို တွေ့နိုင်ပါတယ်။ color-droppler ultrasound ကတော့ အရွတ်ပတ်ပတ်လည်မှာရှိတဲ့ သွေးလှည့်ပတ်မှုကိုသိစေနိုင်ပါတယ်။

3. MRI - ရေဒီယိုလှိုင်းတွေနဲ့ အားကောင်းတဲ့ သံလိုက်ဓာတ်ကိုအသုံးပြုပြီးရိုက်ခြင်းဖြစ်ပြီး အရွတ်ရဲ့အသေးစိတ်ပုံရိပ်ကိုမြင်နိုင်ပါတယ်။

ကုထုံးများ

1. ဆေးဝါးများ - Ibuprofen ( Advil, Mortrin IB), Naproxen (Aleve) စတဲ့ အနာသက်သာဆေးတွေကို ဆရာဝန်ညွှန်ကြားတဲ့အတိုင်း သောက်နိုင်ပါတယ်။

2. ကိုယ်လက်လှုပ်ရှားပြုလုပ်၍ကုသခြင်း

အနာကျက်စေဖို့နဲ့ အရွတ်နဲ့ အရွတ်ကို အထောက်အပံ့ပေးနေတဲ့အရာတွေကို သန်မာစေတဲ့ လေ့ကျင့်ခန်းတွေလုပ်ဖို့လိုအပ်တယ်ဆိုရင် ဆရာဝန်က ပြုသပေးပါလိမ့်မယ်။

3. သက်သာစေသော ကိရိယာများ - ရှူးဖိနပ်ထဲတွင် တစ်ခုခုထည့်ထားခြင်းဖြင့် ခြေဖနောင့်ကိုအနည်းငယ်မြှင့်တင်ပေးပြီး အရွတ်ပေါ်ကိုသက်ရောက်နေတဲ့ဖိအားတွေကို လျော့နည်းစေဖို့ ခုခံပေးထားပါတယ်။

4. ခွဲစိတ်ခြင်း - လအတော်ကြာအထိ မတိုးတက်လာဘူးဆိုရင် (သို့) အရွတ်ပြဲသွားရင် ဆရာဝန်ကခွဲစိတ်ပြီး အရွတ်ကိုပြုပြင်ဖို့အတွက် အကြံပေးပါလိမ့်မယ်။

နေထိုင်မှုပုံစံ

1. အနားယူခြင်း - ရက်အတော်ကြာအောင် လေ့ကျင့်ခန်းမပြုလုပ်ပဲနေရပါမယ် (သို့) အရွတ်ကိုဖိအားမဖြစ်စေမယ့် ရေကူးခြင်းကဲ့သို့သော လေ့ကျင့်ခန်းပြောင်းလုပ်ပါ။ ပြင်းထန်ရင်တော့ လမ်းလျှောက်ဘွတ်ဖိနပ်ဝတ်ခြင်း၊ ချိုင်းထောက်အသုံးပြုခြင်းတွေလုပ်ဖို့လိုအပ်ပါတယ်။

2. ရေခဲကပ်ခြင်း - လေ့ကျင့်ခန်းလုပ်ပြီးချိန် (သို့) နာလာတဲ့အချိန်တွေမှာ ခြေဖနောင့်အရွတ်ပေါ်ကို ရေခဲဝတ်နဲ့ 15 မိနစ်ခန့်ကပ်ပေးခြင်းဖြင့် နာကျင်ခြင်းနဲ့ ရောင်ရမ်းခြင်းများကို သက်သာစေနိုင်ပါတယ်။

3. ဖိအားပေးခြင်း - ကျုံ့နိုင်ဆန့်နိုင်တဲ့ပတ်တီးများပတ်ထားခြင်းဖြင့်လည်း ရောင်ရမ်းခြင်းကိုသက်သာစေပြီး အရွတ်လှုပ်ရှားမှုကိုလျော့နည်းစေပါတယ်။

4. ခြေထောက်မြှင့်ထားခြင်း - ဖြစ်တဲ့ခြေထောက်ကို နှလုံးထက်မြင့်အောင်မြှောက်ထားခြင်းဖြင့်လည်း အရောင်ကျစေပါတယ်။ ညအိပ်ရင်ခြေထောက်မြှင့်ပြီးအိပ်ပါ။

ကာကွယ်ခြင်း

ခြေဖနောင့်အရွတ်ရောင်ခြင်းမဖြစ်အောင် မကာကွယ်နိုင်ပေမယ့် ဖြစ်နိုင်ချေကိုတော့နည်းသွားအောင်လျှော့ချနိုင်ပါတယ်။

1. လှုပ်ရှားမှုကို ဖြည်းဖြည်းချင်းပဲအရှိန်မြှင့်ပါ။ လေ့ကျင့်ခန်းလုပ်ပြီးကုသမယ်ဆိုရင် ဖြည်းဖြည်းချင်းစလုပ်ပြီးတော့မှ တဖြည်းဖြည်းအရှိန်နဲ့ ကြာချိန်ကိုမြှင့်ပါ။

2. သက်သက်သာသာပဲလုပ်ပါ။ တောင်ကုန်းပေါ်မှာပြေးခြင်းလိုမျိုး အရွတ်ပေါ်ကိုဖိအားများများကျရောက်စေမယ့် လေ့ကျင့်ခန်းတွေမလုပ်ပါနဲ့။ ပြင်းထန်တဲ့လေ့ကျင့်ခန်းလုပ်ရမယ်ဆိုရင် မလုပ်ခင်သွေးပူလေ့ကျင့်ခန်းအရင်လုပ်ပါ။ လေ့ကျင့်ခန်းလုပ်နေစဉ်အတွင်းနာလာရင်တော့ ရပ်ပြီးအနားယူလိုက်ပါ။

3. အားကစားဖိနပ်ကို သေချာစွာရွေးချယ်ပါ။ လေ့ကျင့်ခန်းလုပ်ရင်စီးတဲ့ဖိနပ်က ခုခံမှုကောင်းပြီး ကွက်တိဖြစ်နေမှ အရွတ်ပေါ်ကို ဖိအားသက်ရောက်မှုနည်းစေမှာပါ။ စုတ်ပြဲနေတဲ့ ဖိနပ်တွေကို လဲလိုက်ပါ။

4. နေ့စဉ်အချိန်ပေးပြီး မနက်ပိုင်းလေ့ကျင့်ခန်းမလုပ်ခင်နဲ့ လုပ်ပြီးချိန်မှာ ခြေသလုံးကြွက်သားနဲ့ ခြေဖနောင့်အရွတ်ကိုဆွဲဆန့်ပေးခြင်းဖြင့် ကျံု့နိုင်ဆန့်နိုင်မှုကို ထိန်းသိမ်းပေးပါတယ်။ ဒါက အရွတ်ရောင်ခြင်းပြန်မဖြစ်အောင်ကာကွယ်ပေးပါတယ်။

5. ခြေသလုံးကြွက်သားကို သန်မာနေပါစေ။ ခြေသလုံးကြွက်သားတွေသန်မာနေမယ်ဆိုရင် လှုပ်ရှားမှုနဲ့လေ့ကျင့်ခန်းတွေကြောင့် ခြေသလုံးနဲ့ အရွတ်အပေါ် အားသက်ရောက်မှုကို ကောင်းစွာခံနိုင်ပါလိမ့်မယ်။

6. ဖိအားများတဲ့ လေ့ကျင့်ခန်းတွေဖြစ်တဲ့ ပြေးခြင်း၊ ခုန်ခြင်းတို့နဲ့ ဖိအားနည်းတဲ့လေ့ကျင့်ခန်းတွေဖြစ်တဲ့ စက်ဘီးစီးခြင်း၊ ရေကူးခြင်းတို့ကို တစ်လှည့်စီလုပ်ပေးပါ။

7. ကိုယ်အလေးချိန်ပုံမှန်အတွင်းပဲရှိအောင် ဂရုစိုက်ပါ။

Dr. Mya Myo Myo Swe

Ref: .drmyanmar.

ခ်ဳိင္းသားျဖဴဖို႔

ပ်ဳိေမေတြအေနနဲ႔ ခ်ဳိင္းမည္းေနျခင္းေၾကာင့္ အက်ႌလက္ျပတ္ေတြကို ၀တ္ဆင္ရမွာ စိုးရြံ႕ေနတတ္ၾကပါတယ္။ ဒါေၾကာင့္ ခ်ဳိင္းၾကားအသားအေရျဖဴ၀င္းလာေအာင္ အထိေရာက္ဆံုးျပဳလုပ္ေပးႏိုင္စြမ္းရွိတဲ့ သဘာ၀နည္းလမ္းေလးေတြကို ေရြးခ်ယ္ေဖာ္ျပေပးလိုက္ပါတယ္။

1. သံပုရာရည္

သံပုရာသီးဟာေခ်းခၽြတ္ေပးႏိုင္တယ္ဆိုတဲ့ အစြမ္းသတၱိရွိတယ္ဆိုတာကိုလူအမ်ားစုက သတိမထားမိတတ္ၾကပါဘူး။ တစ္ရက္ျခားတစ္ခါ ေရမခ်ဳိးမီအခ်ိန္တိုင္း ခ်ဳိင္းသားကိုသံပုရာရည္နဲ႔ ပြတ္တိုက္ေပးပါ။ တျဖည္းျဖည္းနဲ႔ အမည္းေရာင္ေတြေမွးမွိန္လာပါလိမ့္မယ္။ သံပုရာရည္နဲ႔ပြတ္ၿပီးသြားရင္ အသားအေရေျခာက္ေသြ႔သြားတဲ့အတြက္ ေရခ်ဳိးၿပီးခ်ိန္မွာအစိုဓာတ္ထိန္းခရင္မ္ မျဖစ္မေနလိမ္းေပးရပါမယ္။

2. ဖေယာင္းႏွင့္အေမႊးခၽြတ္ျခင္း

ခ်ဳိင္းေမႊးရိတ္ျခင္းဒါမွမဟုတ္အခ်ိဳ႕ ခ်ဳိင္းေမႊးကၽြတ္ခရင္မ္ေတြအသံုးျပဳျခင္းေၾကာင့္ ခ်ဳိင္းမည္းေစႏုိင္ပါတယ္။ ဒါေၾကာင့္ ဖေယာင္းကိုအသံုးျပဳၿပီး ခ်ဳိင္းေမႊးမ်ားကိုဖယ္ရွားေပးပါ။

3. အာလူး၊ သခြားရည္

သံပုရာသီးလိုပဲအာလူးကလည္း ေခ်းခၽြတ္ႏုိင္စြမ္းရွိပါတယ္။ ပါးပါးလွီးထားတဲ့အာလူးနဲ႔ပြတ္တိုက္ၿပီး ၁၅ မိနစ္ၾကာခန္႔ထားပါ။ ၎ေနာက္ ေရေအးနဲ႔ေဆးေၾကာသန္႔စင္ပါ။ ဒါမွမဟုတ္ သခြားသီးအရည္ကိုလည္း အသံုးျပဳႏုိင္ပါတယ္။

4. ေပါင္းတင္ေပးျခင္း

လက္တစ္ဆုပ္စာဂ်ံဳမႈန္႔ကိုဒိန္ခ်ဥ္၊ ေရွာက္သီး၊ နႏြင္းမႈန္႔အနည္းငယ္နဲ႔ေရာၿပီး အႏွစ္ျပဳလုပ္ပါ။ ထို႔ေနာက္ ခ်ဳိင္းသားကိုလိမ္းေပးၿပီး ၁၅-၂၀ မိနစ္ၾကာခန္႔ထားပါ။ ၎ေနာက္ ေရေအးနဲ႔ ေဆးေၾကာသန္႔စင္ပါ။ အသင့္ ေပါင္းတင္ထုပ္ေတြလည္းေစ်းကြက္မွာ ၀ယ္ယူရရွိႏုိင္ပါတယ္။ ရြံ႕အေျခခံတဲ့အသားျဖဴ၀င္းေစေသာ (clay-based lightening skin) ေပါင္းတင္အမ်ဳိးအစားကို ေရြးခ်ယ္၀ယ္ယူပါ။

5. စႏၵကူးနံ႔သာႏွင့္ ႏွင္းဆီပြင့္ဖတ္ရည္

စႏၵကူးမွာ ျဖဴ၀င္းေစတဲ့အစြမ္းသတၱိရွိၿပီး ႏွင္းဆီပြင့္ဖတ္ရည္ကအေရျပားေအးေစပါတယ္။ စႏၵကူးမႈန္႔နဲ႔ ႏွင္းဆီပြင့္ဖတ္ရည္ေရာထားတဲ့အႏွစ္ကို ခ်ဳိင္းသားတြင္လိမ္းေပးၿပီး မိနစ္အနည္းငယ္ထားပါ။ ၎ေနာက္ ေရေအးနဲ႔ေဆးေၾကာသန္႔စင္ပါ။ ယင္းနည္းလမ္းကိုေန႔စဥ္အသံုးျပဳပါက ခ်ဳိင္းသားတေန႔တျခား ျဖဴ၀င္းလာေစႏုိင္မွာျဖစ္ပါတယ္။

6. ေက်ာက္ခ်ဥ္

ေက်ာက္ခ်ဥ္ေသြးလိမ္းရင္လည္း ခ်ဳိင္းသားျဖဴ၀င္းလာႏိုင္ပါတယ္။ ဒါကေတာ့ ဟိုးအရင္အခ်ိန္ကတည္းက ျမန္မာေတြေတာ္ေတာ္မ်ားမ်ား အသံုးျပဳခဲ့တဲ့နည္းလမ္းျဖစ္ပါတယ္။
Ref.drmyanmar
 Today Bago New Version အား Download ျပဳလုပ္ျခင္းျဖင့္
ပိုမိုဆန္းသစ္ ၿပီးျပည့္စံု တဲ့ သတင္းမ်ားႏွင့္ အေၾကာင္းအရာမ်ားကို
ေန႕စဥ္အခမဲ့ ဖတ္ရႈလိုက္ပါ။
Download for blow link
www.todaybago.com/todaybago.apk
-------------------------------------
Unicode
 ချိုင်းသားဖြူဖို့

ပျိုမေတွေအနေနဲ့ ချိုင်းမည်းနေခြင်းကြောင့် အကျႌလက်ပြတ်တွေကို ၀တ်ဆင်ရမှာ စိုးရွံ့နေတတ်ကြပါတယ်။ ဒါကြောင့် ချိုင်းကြားအသားအရေဖြူဝင်းလာအောင် အထိရောက်ဆုံးပြုလုပ်ပေးနိုင်စွမ်းရှိတဲ့ သဘာဝနည်းလမ်းလေးတွေကို ရွေးချယ်ဖော်ပြပေးလိုက်ပါတယ်။

1. သံပုရာရည်

သံပုရာသီးဟာချေးချွတ်ပေးနိုင်တယ်ဆိုတဲ့ အစွမ်းသတ္တိရှိတယ်ဆိုတာကိုလူအများစုက သတိမထားမိတတ်ကြပါဘူး။ တစ်ရက်ခြားတစ်ခါ ရေမချိုးမီအချိန်တိုင်း ချိုင်းသားကိုသံပုရာရည်နဲ့ ပွတ်တိုက်ပေးပါ။ တဖြည်းဖြည်းနဲ့ အမည်းရောင်တွေမှေးမှိန်လာပါလိမ့်မယ်။ သံပုရာရည်နဲ့ပွတ်ပြီးသွားရင် အသားအရေခြောက်သွေ့သွားတဲ့အတွက် ရေချိုးပြီးချိန်မှာအစိုဓာတ်ထိန်းခရင်မ် မဖြစ်မနေလိမ်းပေးရပါမယ်။

2. ဖယောင်းနှင့်အမွှေးချွတ်ခြင်း

ချိုင်းမွှေးရိတ်ခြင်းဒါမှမဟုတ်အချို့ ချိုင်းမွှေးကျွတ်ခရင်မ်တွေအသုံးပြုခြင်းကြောင့် ချိုင်းမည်းစေနိုင်ပါတယ်။ ဒါကြောင့် ဖယောင်းကိုအသုံးပြုပြီး ချိုင်းမွှေးများကိုဖယ်ရှားပေးပါ။

3. အာလူး၊ သခွားရည်

သံပုရာသီးလိုပဲအာလူးကလည်း ချေးချွတ်နိုင်စွမ်းရှိပါတယ်။ ပါးပါးလှီးထားတဲ့အာလူးနဲ့ပွတ်တိုက်ပြီး ၁၅ မိနစ်ကြာခန့်ထားပါ။ ၎င်းနောက် ရေအေးနဲ့ဆေးကြောသန့်စင်ပါ။ ဒါမှမဟုတ် သခွားသီးအရည်ကိုလည်း အသုံးပြုနိုင်ပါတယ်။

4. ပေါင်းတင်ပေးခြင်း

လက်တစ်ဆုပ်စာဂျုံမှုန့်ကိုဒိန်ချဉ်၊ ရှောက်သီး၊ နနွင်းမှုန့်အနည်းငယ်နဲ့ရောပြီး အနှစ်ပြုလုပ်ပါ။ ထို့နောက် ချိုင်းသားကိုလိမ်းပေးပြီး ၁၅-၂၀ မိနစ်ကြာခန့်ထားပါ။ ၎င်းနောက် ရေအေးနဲ့ ဆေးကြောသန့်စင်ပါ။ အသင့် ပေါင်းတင်ထုပ်တွေလည်းစျေးကွက်မှာ ၀ယ်ယူရရှိနိုင်ပါတယ်။ ရွံ့အခြေခံတဲ့အသားဖြူဝင်းစေသော (clay-based lightening skin) ပေါင်းတင်အမျိုးအစားကို ရွေးချယ်ဝယ်ယူပါ။

5. စန္ဒကူးနံ့သာနှင့် နှင်းဆီပွင့်ဖတ်ရည်

စန္ဒကူးမှာ ဖြူဝင်းစေတဲ့အစွမ်းသတ္တိရှိပြီး နှင်းဆီပွင့်ဖတ်ရည်ကအရေပြားအေးစေပါတယ်။ စန္ဒကူးမှုန့်နဲ့ နှင်းဆီပွင့်ဖတ်ရည်ရောထားတဲ့အနှစ်ကို ချိုင်းသားတွင်လိမ်းပေးပြီး မိနစ်အနည်းငယ်ထားပါ။ ၎င်းနောက် ရေအေးနဲ့ဆေးကြောသန့်စင်ပါ။ ယင်းနည်းလမ်းကိုနေ့စဉ်အသုံးပြုပါက ချိုင်းသားတနေ့တခြား ဖြူဝင်းလာစေနိုင်မှာဖြစ်ပါတယ်။

6. ကျောက်ချဉ်

ကျောက်ချဉ်သွေးလိမ်းရင်လည်း ချိုင်းသားဖြူဝင်းလာနိုင်ပါတယ်။ ဒါကတော့ ဟိုးအရင်အချိန်ကတည်းက မြန်မာတွေတော်တော်များများ အသုံးပြုခဲ့တဲ့နည်းလမ်းဖြစ်ပါတယ်။
Ref.drmyanmar

၃ရက္အတြင္း ၁၀ေပါင္က်ေစမယ့္ Diet Plan

ဒီတပတ္ Diet Plan ကေတာ့ ၃ရက္စာ အတြက္ပဲ ျဖစ္ပါတယ္။ အဆီက်ေစၿပီး ခ်ပ္ခ်ပ္ရပ္ရပ္ ျဖစ္သြားေစခ်င္တဲ့သူေတြ အတြက္ သဘာ၀နည္းအတိုင္း Diet Plan ေတြကို လုပ္ေဆာင္ၿပီး ေလွ်ာ့ခ်လို႔ ရပါတယ္။ ဒီတပတ္မွာေတာ့ နာနတ္သီးကို အေျခခံၿပီး စားရမယ့္ Plan ပါ။ အင္တီေအာက္ဆီးဒင့္နဲ႔ အမွ်င္ဓာတ္ေတြ ပါ၀င္တဲ့ အတြက္ က်န္းမာေစတဲ့ ဒီအသီးကို စားၿပီး ကိုယ္အေလးခ်ိန္ ေလွ်ာ့က်ေအာင္ ႀကိဳးစားၾကည့္ၾကပါစို႔။

အၿမဲတမ္း သတိေပးျဖစ္တဲ့ စကားေလးကိုေတာ့ ထပ္ၿပီးေတာ့ ေျပာပါရေစ။ ကိုယ္က ပိန္ခ်င္ေဇာနဲ႔ Planေတြကို စားတဲ့အခါ အခ်ိဳ႕ အစားအစာေတြဟာ ကိုယ္နဲ႔ ဓာတ္မတည့္တာမ်ိဳး ကိုယ့္မွာ အစာအိမ္ေရာဂါ ရွိေနတာမ်ိဳးနဲ႔ အျခားေရာဂါေတြ ရွိေနခဲ့မယ္ဆိုရင္ေတာ့ ဆရာ၀န္နဲ႔ တိုင္ပင္ၿပီးမွ Diet Plan ေတြကို လုပ္ပါလို႔ အႀကံေပးပါရေစ။

3 Days Diet Menu

Day 1
မနက္စာ – ေပါင္မုန္႔မီးကင္ ၂ခ်ပ္နဲ႔ နာနတ္သီး ၂စိပ္ စားပါ။
ေန႔လည္စာ – ပန္းပြင့္စိမ္းကို အမဲသားအနည္းငယ္နဲ႔ခ်က္စားပါ။ နာနတ္သီး ၂စိပ္ စားပါ။
ညစာ – မုန္လာထုပ္၊ ၾကက္ရင္ပံု တစ္ပိုင္း၊ နာနတ္သီး ၂စိပ္ စားေပးပါ။

Day 2
မနက္စာ – ဒိန္ခ်ဥ္၊ ေပါင္မုန္႔ ၂ခ်ပ္၊ နာနတ္သီး ၂စိပ္ စားပါ။
ေန႔လည္ဟာ – ငါး ၂၀၀ ဂရမ္ စားပါ။ နာနတ္သီး ၂စိိပ္ စားပါ။
ညစာ – နာနတ္သီး ၂စိပ္စားပါ။ တူနာငါး တစ္ဘူးနဲ႔ မုန္လာထုပ္စားပါ။

Day 3
မနက္စာ – ေကာ္ဖီတစ္ခြက္ေသာက္ပါ (အမႈန္႔ရိုးရိုး ေဖ်ာ္ေသာက္ပါ။ အသင့္ေဖ်ာ္ အထုပ္ေတြ မရပါ)၊ ကြတ္ကီး ၂ခုစားပါ။ နာနတ္သီး ၂စိပ္စားပါ။
ေန႔လည္စာ – ႀကိဳက္ႏွစ္သက္တဲ့ အသီးအရြက္တစ္မ်ိဳးကို ျပဳတ္စားပါ။ ၾကက္ရင္ပံုတစ္ပိုင္းနဲ႔ နာနတ္သီး ၂စိပ္ စားပါ။
ညစာ – အသီးအရြက္ ခရင္မ္စာပါ။ နာနတ္သီး ၂စိပ္ စားပါ။

အစားအစာေတြကို သံလြင္၊ ဆားအနည္းငယ္နဲ႔ Vinegar တို႔ တြဲစားလို႔ ရပါတယ္။ ေရ အနည္းဆံုး ၃လီတာ ေသာက္ေပးပါ။ ကိုယ္လက္လႈပ္ရွားမႈ ရွိပါေစ။
Ref:My Food Myanmar
 Today Bago New Version အား Download ျပဳလုပ္ျခင္းျဖင့္
ပိုမိုဆန္းသစ္ ၿပီးျပည့္စံု တဲ့ သတင္းမ်ားႏွင့္ အေၾကာင္းအရာမ်ားကို
ေန႕စဥ္အခမဲ့ ဖတ္ရႈလိုက္ပါ။
Download for blow link
www.todaybago.com/todaybago.apk
--------------------------------------
Unicode
၃ရက်အတွင်း ၁၀ပေါင်ကျစေမယ့် Diet Plan
ဒီတပတ် Diet Plan ကတော့ ၃ရက်စာ အတွက်ပဲ ဖြစ်ပါတယ်။ အဆီကျစေပြီး ချပ်ချပ်ရပ်ရပ် ဖြစ်သွားစေချင်တဲ့သူတွေ အတွက် သဘာဝနည်းအတိုင်း Diet Plan တွေကို လုပ်ဆောင်ပြီး လျှော့ချလို့ ရပါတယ်။ ဒီတပတ်မှာတော့ နာနတ်သီးကို အခြေခံပြီး စားရမယ့် Plan ပါ။ အင်တီအောက်ဆီးဒင့်နဲ့ အမျှင်ဓာတ်တွေ ပါ၀င်တဲ့ အတွက် ကျန်းမာစေတဲ့ ဒီအသီးကို စားပြီး ကိုယ်အလေးချိန် လျှော့ကျအောင် ကြိုးစားကြည့်ကြပါစို့။

အမြဲတမ်း သတိပေးဖြစ်တဲ့ စကားလေးကိုတော့ ထပ်ပြီးတော့ ပြောပါရစေ။ ကိုယ်က ပိန်ချင်ဇောနဲ့ Planတွေကို စားတဲ့အခါ အချို့ အစားအစာတွေဟာ ကိုယ်နဲ့ ဓာတ်မတည့်တာမျိုး ကိုယ့်မှာ အစာအိမ်ရောဂါ ရှိနေတာမျိုးနဲ့ အခြားရောဂါတွေ ရှိနေခဲ့မယ်ဆိုရင်တော့ ဆရာဝန်နဲ့ တိုင်ပင်ပြီးမှ Diet Plan တွေကို လုပ်ပါလို့ အကြံပေးပါရစေ။

3 Days Diet Menu

Day 1
မနက်စာ – ပေါင်မုန့်မီးကင် ၂ချပ်နဲ့ နာနတ်သီး ၂စိပ် စားပါ။
နေ့လည်စာ – ပန်းပွင့်စိမ်းကို အမဲသားအနည်းငယ်နဲ့ချက်စားပါ။ နာနတ်သီး ၂စိပ် စားပါ။
ညစာ – မုန်လာထုပ်၊ ကြက်ရင်ပုံ တစ်ပိုင်း၊ နာနတ်သီး ၂စိပ် စားပေးပါ။

Day 2
မနက်စာ – ဒိန်ချဉ်၊ ပေါင်မုန့် ၂ချပ်၊ နာနတ်သီး ၂စိပ် စားပါ။
နေ့လည်ဟာ – ငါး ၂၀၀ ဂရမ် စားပါ။ နာနတ်သီး ၂စိိပ် စားပါ။
ညစာ – နာနတ်သီး ၂စိပ်စားပါ။ တူနာငါး တစ်ဘူးနဲ့ မုန်လာထုပ်စားပါ။

Day 3
မနက်စာ – ကော်ဖီတစ်ခွက်သောက်ပါ (အမှုန့်ရိုးရိုး ဖျော်သောက်ပါ။ အသင့်ဖျော် အထုပ်တွေ မရပါ)၊ ကွတ်ကီး ၂ခုစားပါ။ နာနတ်သီး ၂စိပ်စားပါ။
နေ့လည်စာ – ကြိုက်နှစ်သက်တဲ့ အသီးအရွက်တစ်မျိုးကို ပြုတ်စားပါ။ ကြက်ရင်ပုံတစ်ပိုင်းနဲ့ နာနတ်သီး ၂စိပ် စားပါ။
ညစာ – အသီးအရွက် ခရင်မ်စာပါ။ နာနတ်သီး ၂စိပ် စားပါ။

အစားအစာတွေကို သံလွင်၊ ဆားအနည်းငယ်နဲ့ Vinegar တို့ တွဲစားလို့ ရပါတယ်။ ရေ အနည်းဆုံး ၃လီတာ သောက်ပေးပါ။ ကိုယ်လက်လှုပ်ရှားမှု ရှိပါစေ။
Ref:My Food Myanmar

Sunday, October 23, 2016

ႏႈတ္ခမ္းသားႏူးညံ့စိုေျပ၍ ပန္းႏုေရာင္သမ္းေနေစရန္ နည္းလမ္းမ်ား

1. ေရမ်ားမ်ားေသာက္ပါ

ေရေသာက္ျခင္းျဖင့္ က်န္းမာစိုေျပေသာအသားအရည္ကို ပိုင္ဆုိင္ႏုိင္႐ံုမွ်မက သဘာဝအလွတရားကိုလည္း ရရွိႏုိင္ပါတယ္။ ႏႈတ္ခမ္းသားစိုေျပေစရန္ ေရဓာတ္မွာအလြန္အေရးႀကီးတာေၾကာင့္ တစ္ေန႔လွ်င္ ေရ 8 ဖန္ခြက္ (2 လီတာ)ထိေသာက္သံုးသင့္ပါတယ္။

ဟင္းသီးဟင္းရြက္နဲ႔ အသီးအႏွံေတြမ်ားမ်ားစားေပးဖို႔လည္း လိုအပ္ပါတယ္။ ဗီတာမင္ E နဲ႔ ဗီတာမင္ B တို႔ ႂကြယ္ဝစြာပါဝင္တဲ့ ေထာပတ္သီး၊ သေဘၤာသီး၊ ကီဝီနဲ႔ ဘယ္ရီသီးေတြ စားေပးျခင္းျဖင့္ ႏႈတ္ခမ္းသား အသားအရည္လွပလာမွာျဖစ္ပါတယ္။

မၾကာခဏအစိုဓာတ္ျဖည့္ဆည္းေပးပါ။ ႏႈတ္ခမ္းအဆီေတာင့္ကို ပိုက္ဆံအိတ္ထဲအၿမဲထည့္ထားၿပီး ေလးနာရီတစ္ႀကိမ္ေလာက္ ဆိုးေပးျခင္းျဖင့္ ႏႈတ္ခမ္းသားကိုစိုေျပေစ႐ံုမွ်မက ႏႈတ္ခမ္းသားမဲျခင္းကိုလည္း ကာကြယ္ေပးပါတယ္။

2. လွ်ာျဖင့္သပ္ျခင္း (သို႔) ကိုက္ျခင္းမ်ားမျပဳလုပ္ပါႏွင့္

လံုးဝမေကာင္းတဲ့အမူအက်င့္ျဖစ္တဲ့အျပင္ ႏႈတ္ခမ္းကိုက္ျခင္းျဖင့္ ႏႈတ္ခမ္းသားကို ကြဲေစ႐ံုသာမက ႏႈတ္ခမ္းသားပါမဲလာပါလိမ့္မည္။ လွ်ာျဖင့္သပ္ျခင္းေၾကာင့္လည္း ႏႈတ္ခမ္းသားေျခာက္ေသြ႕ေစႏုိင္ပါတယ္။

3. ေစ်းေပါေသာ အလွျပင္ပစၥည္းမ်ားကိုမသံုးစြဲပါႏွင့္

ေစ်းသက္သာတဲ့ႏႈတ္ခမ္းနီေတာင့္ေတြဟာ ႏႈတ္ခမ္းသားကိုမဲ၍ ေျခာက္ေသြ႕ေစႏုိင္ပါတယ္။ ဒါ့ေၾကာင့္ စိတ္ခ်ယံုၾကည္ရတဲ့ တံဆိပ္မ်ိဳးကိုသာ ေရြးခ်ယ္သံုးစြဲသင့္ပါတယ္။

Dr. Thinzar Wynn
Ref:Drmyanmar
  ယခုအသံုးျပဳေနေသာ Today Bago Version အေဟာင္းတြင္ 25ရက္ေန႔မွစၿပီး ဆက္လက္တင္ေတာ့မွာမဟုတ္တဲ့အတြက္ Today Bago Version အသစ္အား Download ျပဳလုပ္ေပးပါရန္ ေလးစားစြာျဖင့္ အသိေပးအပ္ပါသည္။
Download for blow link
www.todaybago.com/todaybago.apk
------------------------------------
Unicode
 နှုတ်ခမ်းသားနူးညံ့စိုပြေ၍ ပန်းနုရောင်သမ်းနေစေရန် နည်းလမ်းများ
1. ရေများများသောက်ပါ

ရေသောက်ခြင်းဖြင့် ကျန်းမာစိုပြေသောအသားအရည်ကို ပိုင်ဆိုင်နိုင်ရုံမျှမက သဘာဝအလှတရားကိုလည်း ရရှိနိုင်ပါတယ်။ နှုတ်ခမ်းသားစိုပြေစေရန် ရေဓာတ်မှာအလွန်အရေးကြီးတာကြောင့် တစ်နေ့လျှင် ရေ 8 ဖန်ခွက် (2 လီတာ)ထိသောက်သုံးသင့်ပါတယ်။

ဟင်းသီးဟင်းရွက်နဲ့ အသီးအနှံတွေများများစားပေးဖို့လည်း လိုအပ်ပါတယ်။ ဗီတာမင် E နဲ့ ဗီတာမင် B တို့ ကြွယ်ဝစွာပါဝင်တဲ့ ထောပတ်သီး၊ သင်္ဘောသီး၊ ကီဝီနဲ့ ဘယ်ရီသီးတွေ စားပေးခြင်းဖြင့် နှုတ်ခမ်းသား အသားအရည်လှပလာမှာဖြစ်ပါတယ်။

မကြာခဏအစိုဓာတ်ဖြည့်ဆည်းပေးပါ။ နှုတ်ခမ်းအဆီတောင့်ကို ပိုက်ဆံအိတ်ထဲအမြဲထည့်ထားပြီး လေးနာရီတစ်ကြိမ်လောက် ဆိုးပေးခြင်းဖြင့် နှုတ်ခမ်းသားကိုစိုပြေစေရုံမျှမက နှုတ်ခမ်းသားမဲခြင်းကိုလည်း ကာကွယ်ပေးပါတယ်။

2. လျှာဖြင့်သပ်ခြင်း (သို့) ကိုက်ခြင်းများမပြုလုပ်ပါနှင့်

လုံးဝမကောင်းတဲ့အမူအကျင့်ဖြစ်တဲ့အပြင် နှုတ်ခမ်းကိုက်ခြင်းဖြင့် နှုတ်ခမ်းသားကို ကွဲစေရုံသာမက နှုတ်ခမ်းသားပါမဲလာပါလိမ့်မည်။ လျှာဖြင့်သပ်ခြင်းကြောင့်လည်း နှုတ်ခမ်းသားခြောက်သွေ့စေနိုင်ပါတယ်။

3. စျေးပေါသော အလှပြင်ပစ္စည်းများကိုမသုံးစွဲပါနှင့်

စျေးသက်သာတဲ့နှုတ်ခမ်းနီတောင့်တွေဟာ နှုတ်ခမ်းသားကိုမဲ၍ ခြောက်သွေ့စေနိုင်ပါတယ်။ ဒါ့ကြောင့် စိတ်ချယုံကြည်ရတဲ့ တံဆိပ်မျိုးကိုသာ ရွေးချယ်သုံးစွဲသင့်ပါတယ်။

Dr. Thinzar Wynn
Ref:Drmyanmar